Dekalb County၏ ဘာသာစကားတိုးချဲ့ရေး လှုပ်ရှားမှုအတွက် ဇာတ်လမ်းစုစည်းရေး ဖောင်ပုံစံ

Clarkstonမြို့ပြစေ့စပ်ရေးညွှန့်ပေါင်းအဖွဲ့သည် Clarkstonမြို့ကောင်စီအရာရှိ YT Bell နှင့်ပူးပေါင်းလျက် ဘာသာစကားတိုးချဲ့ရေးအဖြစ် ဆန္ဒမဲပေးသူများအတွက် သတင်းအချက်အလက် နှင့် ဆန္ဒမဲပေးခြင်းစာရင်းသွင်းရန်ဖောင်ပုံစံတို့ကို ဆိုမာလီဘာသာ၊ အာရဗိဘာသာ နှင့် မြန်မာဘာသာ တို့ဖြင့် တင်ဆက်ရန် လုပ်ဆောင်နေပါသည်။ အဆိုပါ ဘာသာစကားများသည် Dekalb County၊ အထူးသဖြင့် Clarkstonမြို့ဒေသတွင် အသုံးများသော ဘာသာစကားများအနက်မှ သုံးခု အပါအဝင်ဖြစ်သည်။

Dekalb Countyကော်မီရှင်အဖွဲ့သို့ ကျွန်ုပ်တို့၏တောင်းဆိုချက်မှာ Dekalb County ဆန္ဒမဲပေးရန် စာရင်းသွင်းခြင်းနှင့် ရွေးကောက်ပွဲများ‌ ဘုတ်အဖွဲ့မှ မဲစာရွက်နှင့် ဆန္ဒမဲပေးခြင်း အချက်အလက်များအတွက် အသုံးပြုရန် ဘာသာစကားတိုးချဲ့နိုင်ရန် တောင်းဆိုပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် အင်္ဂလိပ်စကားကို ပထမဘာသာအဖြစ် အသုံးမပြုသော လူမှုဝန်းကျင်များအတွက် ဆန္ဒမဲပေးခြင်းကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ မဲဆန္ဒရှင်များ အသိဉာဏ်ပိုမိုတိုးတက်ပြီး၊ ကွဲပြားသည့် မဲဆန္ဒရှင်များ တိုးတက်လာမည် ဖြစ်သည်။

ကျွန်ုပ်တို့၏တောင်းဆိုချက် - ဤဖောင်ပုံစံကို ဖြည့်စွက်ပြီး မဲပေးသူအချက်အလက်နှင့် မဲပေးရန်စာရင်းသွင်းခြင်းဖောင်ကို ဘာသာစကားတိုးချဲ့ထုတ်ပြန်ခြင်းကြောင့် အကျိုးရှိမည့်အကြောင်းများကို ကိုယ်တွေ့ ဖြစ်ရပ်ဇာတ်လမ်းများ‌ ဝေမျှပေးပါ။

ရှင်းလင်းချက် - ဤအချက်အလက်သည် တစ်ဦးတည်းပိုင်ဖြစ်ပြီး Clarkston Civic Engagement and Elections Task Force မှတင်ဆက်ပါသည်။ ဤလုပ်ငန်းအဖွဲ့၏ အတည်ပြုထားသော အဖွဲ့ဝင်များသာ ဤအချက်အလက်ကို ဝင်ရောက်ကြည့်ရှုခွင့် ရမည်ဖြစ်သည်။ ထို့ပြင် ဤဇာတ်လမ်း အကြောင်းအရာများသည် Dekalb County ကော်မီရှင် အဖွဲ့ဝင်များမှ ဘာသာစကားတိုးချဲ့မှုလုပ်ငန်း ကိုယ်စား သက်သေခံချက်များအဖြစ် ဝေငှမည်ဖြစ်သည်။

Sponsored by
Cws-logo_icon
Washington, DC